Local News

Korea- Myanmar Technology Advice and Solutions from Korea (TASK) for Food Processing Industry စီမံကိန်း၏ Orientation Meeting ကျင်းပ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၏ (Official Development Assistance- ODA)(Grant) အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများအား နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို အကူအညီပေးရန်၊ မြန်မာနှင့်ကိုရီးယားနိုင်ငံတို့၏ စားသောက်ကုန်ထုတ်လုပ်ငန်းကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရန်ရည်ရွယ်၍ Korea- Myanmar Technology Advice and Solutions from Korea (TASK) for Food Processing Industry စီမံကိန်းကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကိုရီးယား သမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန (Ministry of Trade, Industry & Energy-MOTIE) ၏ ကိုယ်စား Korea Food Research Institute (KFRI)  နှင့် Korea Society for Science and Technology Policy Study (KSSTPS) တို့သည် ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အဆင့်အလိုက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။

     အဆိုပါစီမံကိန်း၏ Orientation Meeting ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန်(၁၃:၀၀)နာရီတွင် Online ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာဘက်မှ  မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါ၊ KSSTPS မှ Vice President ၊ Mr. Ki- Bong MOON ၊ KFRI မှ Project Manager ၊ Dr. Seok-In Hong ၊ ရွေးချယ်ခံထားရသော မြန်မာ နိုင်ငံရှိစားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ(၁၀)ခုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားတွင်အစီအစဉ်အရ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ KSSTPS မှ Vice President နှင့်  KFRI မှ Project Manager တို့မှ အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး မြန်မာကုမ္ပဏီ(၁၀)ခုတို့မှ မိမိတို့၏ ထုတ်ကုန်များအကြောင်းနှင့် ကြုံတွေ့နေရသော နည်းပညာအခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။

    Korea- Myanmar Technology Advice and Solutions from Korea (TASK) စီမံကိန်း သည် ကိုရီးယားသမ္မတနိုင်ငံ၏ (Official Development Assistance- ODA) (Grant) အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ စားသောက်ကုန်ထုတ်လုပ်သည့်ကုမ္ပဏီများသို့ နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးမည့် စီမံကိန်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ပေါ် စေမည်ဖြစ်ပါသည်။

 

Source: https://mitc.myantrade.gov.mm/post/Trade News

Category: Local News